Monday, January 16, 2012

USB အသုံးပြုခြင်းကို ပိတ်ရအောင်


ကွန်ပျူတာ တော်တော်များများကို security အရနဲ့ virus တွေ ဝင်မှာ စိုးတဲ့အတွက် USB Storage device တွေဖြစ်တဲ့ memory stick, MP3/MP4 Player, Digital Camera, USB portable harddisk တွေကို အသုံးပြုခွင့် ပိတ်ထားတယ်... ကျတော့် ရုံးမှာတော့ CMOS ထဲကနေ USB ကို disable လုပ်ထားတဲ့အပြင် USB port တွေကိုပါ physical အရပါ ပိတ်ထားရတယ်... အခုတော့ Windows XP မှာ USB storage device တွေကိုပဲ အသုံးပြုခွင့် ပိတ်ချင်တယ် ဆိုရင် ဘယ်လို ပိတ်ရမလဲ ဆိုတဲ့ နည်းကို google ကျေးဇူးနဲ့ ရှာတွေ့ပြီ...

အခုရေးမယ့် အဆင့်တွေကတော့ USB storage device တစ်ခုခု အနည်းဆုံး ၁-ခါ တစ်ခါ တပ်ဆင် အသုံးပြုဖူးတဲ့ Windows XP သုံး ကွန်ပျူတာတွေ အတွက်ပါ... မိမိ အသုံးပြုနေတဲ့ user account ဟာ administrator အဆင့်တော့ ရှိစရာလိုပါတယ်...

1. ပထမအဆင့်အနေနဲ့ Start ကို click လုပ်ပြီး Run ကို ရွေးပါ... (Windows Key + R ကို နှိပ်ရင်လည်း ရပါတယ်...)
2. ပေါ်လာတဲ့ Open ရဲ့ဘေးမှာ ရှိတဲ့ text box ထဲမှာ regedit လို့ရိုက်ထည့်ပြီး OK ကို ကလစ်လုပ်ပါ...
Registry Editor ပေါ်လာပြီဆိုရင်...
3. HKEY_LOCAL_MACHINE » SYSTEM » CurrentControlSet » Services » UsbStor
4. ညာဘက် pane ထဲက Start ကို double click ခေါက်ပါ...
5. Value Data အောက်ကပ်ရပ်မှာ ရှိတဲ့ text box ထဲမှာ 4 လို့ ပြင်ရိုက်ထည့်ပါ... Hexadecimal ကို မရွေးထားရင် ရွေးပေးပါ... ပြီးရင် OK ကိုနှိပ်ပါ...
(USB Storage device တွေ အသုံးပြုခွင့် ပြန်ပေးချင်တယ် ဆိုရင်တော့ 3 လို့ရိုက်ထည့် ပေးရမှာပါ...)
6. Registy Editor ထဲမှ ထွက်ပါ...


USB Storage device တွေကို အသုံးပြုလို့ ရတော့မှာ မဟုတ်ပါဘူး... ဒါပေမယ့် ကျန်တဲ့ USB device တွေဖြစ်တဲ့ printer, keyboard, mouse တွေတော့ ဆက်လက် အသုံးပြုနိုင်ကြောင်း စမ်းသပ် တွေ့ရှိခဲ့ပါသည်... အပေါ်ကအဆင့်တွေဟာ Registry ကို ပြင်ရတာဖြစ်တဲ့ အတွက် အန္တရာယ်ရှိပါတယ်... မပြင်ခင်မှာ Registry ကို backup ကြိုလုပ်ထားပါ... အပေါ်ကအဆင့်တွေ ရှုပ်လို့ မပြင်ချင်ဘူးဆိုရင် USB Storage Device တွေ မသုံးစေချင်ရင် http://maunghla.googlepages.com/USBstorageDisable.reg ကို download လုပ်ပြီး run ပါ... ပိတ်ထားတဲ့ USB Storage Device တွေ ပြန်သုံးချင်တယ် ဆိုရင်တော့ http://maunghla.googlepages.com/USBstorageEnable.reg ကို download လုပ်ပြီး run ပါ... အဆင်ပြေနိုင်ပါစေ

Registry Backup and Restore



Windows Registry ဟာ OS နဲ့ program တွေ အားလုံး စုဝေးထိန်းချုပ် ထားတယ်လို့ ယေဘူယျ ပြောနိုင်ပါတယ်။ Registry နဲ့ ပတ်သက်ပြီး ချိန်ညှိ ပြင်ဆင် ဖို့လိုတိုင်း ဦးစွာ backup လုပ်ထား ရပါတယ်။ အခက်အခဲ တစ်စုံတစ်ရာ ကြုံလာရင် restore ပြန်လုပ် နိုင်အောင်ပါ။ Registry ရဲ့ အရေးကြီးတဲ့ ကဏ္ဍ တစ်ခု မှားသွားရင် သုံးမရအောင် OS က ရပ်ဆိုင်း သွားတတ်တာကိုး....

Reg. backup,restore and reg. defrag အသင့် လုပ်ပေးတဲ့ ဆောဖ့်ဝဲလ် များစွာ ရှိပါတယ်။ ဒါကို အမြဲ မတင် ထားချင်ဘူး အဆင်သင့် ဖြစ်မနေဘူး ဆိုရင် manual backup လုပ်လိုက်တာပေါ့။ Basic user အတွက်လည်း မခက်ခဲ လှပါဘူး။ Windows မှာ build-in ပါပြီးသားမို့ အဆင့်ဆင့် လုပ်ကြည့်ရုံပါဘဲ။

Backup လုပ်ဖို့ အတွက် Start all programs accessories system tools system restore ကို ရွေးချယ်ပေးပါ။


System restore windows မှာ To create a restore point ကို ထပ်နှိပ်ရင် system properties ရောက် သွားပါမယ်။


Create ကိုနှိပ်ပြီး အမည်တစ်ခု(Regbackup) ပေးကာ restore point တစ်ခု ဖန်တီးခြင်း အဆုံးသတ် နိုင်ပါပြီ။


Restore ပြန်လုပ်မယ်ဆို ပထမ ဘက်အပ် လုပ်ခဲ့တဲ့ အဆင့် အတိုင်း Start all programs accessories system tools system restore ကို ရွေးချယ်ပေးပါ။

Choose a diffirent restore point ကို ရွေးရ်ျ Regbackup file ကို restore ပြန်လုပ် ပေးရုံပါဘဲ။ restore လုပ်ငန်း ပြီးဆုံးရင် ကွန်ပြူတာမှ auto restart လုပ်ပေး ပါလိမ့်မယ်။


အကယ်ရ်ျ ၀င်းဒိုး မတက်သေးရင် boot လုပ်နေချိန်မှာ F8 key ကို ဖိထားပြီး Advanced Boot Options screen ကို ခေါ်လိုက်ပါ။ Last Known Good Configuration (advanced) ကိုရွေးခြင်းဖြင့်လည်း နောက်ဆုံး logon လုပ်ခဲ့တဲ့ အခြေအနေကို ရွေးယူ နိုင်ပါသေးတယ်။

ဒီထက် ပိုလုပ်နိုင်တာ ကတော့ system recovery options မှာ system restore ကို ရွေးပေးခြင်းပါ။ ဒါပေမယ့် vista မှာဘဲ ရပါတယ်။
registry ထဲ ၀င်မွှေရင် အတော်အသင့် အမှားလောက်တော့ ကာကွယ် နိုင်သွားပါမယ်။
သယ်ရင်းများအာားလုံးအဆင်ပြေမယ်လို့မျှော်လင့်မိပါတယ်