Saturday, April 9, 2011

သင့်ကိုယ်ပိုင် စိတ်ကူးလေး ဖန်တည်းကြစို့လား

Designer စိတ်ဝင်စားတဲ့ မိတ်ဆွေများ အတွက် စိတ်ကူးမိတာနဲ့ Tools လေးတွေ မျှဝေလိုက်ပါတယ်။ Designer တစ်ယောက် ဖြစ်မှာ ကိုယ်ပိုင် စိတ်ကူးယဉ်မှူ့တွေကို Design ဆွဲနိုင်တာမဟုတ်ပါဘူး။ Designer တစ်ယောက် မဟုတ်ပေးမဲ့ မိမိရဲ့ ကိုယ်ပိုင် စိတ်ကူးတွေ လက်တွေ့ အကောင်အထည် ဖော်ထုတ်နိုင်ပါတယ်။ စိတ်ဝင်စားတဲ့ သယ်ရင်းများ ဆက်ပြီးလေ့လာကြည့်လိုက်ပါ…။

Design ဆွဲလိုရတဲ့ Tools လေးတွေကတော့ သူ့အမျိုးအစားနဲ့သူ ရှိကြပါတယ်။ အရင်ဆုံး မိမိရဲ့ PC အတွက် Software လေးအကူအညီနဲ့ မိမိစိတ်ကူးထဲက ရုံးခန်းလေးတွေ အိပ်ခန်း အိမ်ခန်းလေးတွေ လက်တွေ့ အကောင်အထည် ဖော်ကြည့် ကြရအောင်။ Office နဲ Home အတွက် ဆက်စပ်ပစ္စည်းလေးဖြစ်တဲ့ Tables; Dining chairs; Living chairs; Sofas; Wall systems; Sideboards; Chests of drawers & occasional furniture; Wardrobes; Beds & night stands; Working; Room dividers စတဲ့ ပရိဘောဂ အခင်အကျင်းလေးတွေ ထည့်သွင်းပေးထားတာ တွေ့ရပါလိမ့်မယ်။ မိမိနှစ်သက်တဲ့ ပုံစံလေးတွေ အလွယ်တကူ ယူသုံးနိုင်ပါတယ်။ Text လေးတွေ ရေးသားလို့လည်းရပါတယ် Colour အရောင် လေးတွေ နှစ်သက်တဲ့အရောင်းပေးလို့ရပါတယ် 3D Views ဖြစ်တဲ့အတွက် ကြည့်ရတာ အ၇မ်းကောင်းပါတယ်။ မိမိရွှေးချယ်လိုက်တဲ့ စာပွဲ ကုလားထိုင် တံခါးပေါက် စသည့်တို့ကို အရွယ်အစားကို စိတ်ကြိုက် တွက်ချက်ထားလို့ရပါတယ်။ စိတ်ဝင်စားတဲ့ မိတ်ဆွေများ အောက်က Download လေးမှာ ဒေါင်းယူ အသုံးချနိုင်ပါတယ်။

အောက်က မှာ ဘူကြီး ဆိုတာလေးကိုကလစ်ပေးပြီးဒေါင်းပေးပါခင်ဗျာ
သယ်ရင်းတို့ကိုကျေးဇူတင်ပါတယ်