Wednesday, January 4, 2012

Win RAR ဖိုင်ဖြည်နည်း

တော်တော်များများက ဖိုင်ဖြေနည်းကို မသိကြဘူး ဖြစ်နေတယ် . အဲ့ဒါကြောင့် ရေးလိုက်တာပါ . လွယ်ပါတယ် . ဖိုင်ဘာ့ကြောင့် အများကြီးခွဲပြီး တင်ရသလဲလို့ မေးချင်တဲ့ သူများအတွက် တစ်ခါတည်း ဖြေပေးပါ့မယ် . ဖိုင်တစ်ဖိုင်ကို 250 MB ရှိကြတယ်စိုပါစို့ဗျာ . အဲ့ဖိုင်ကို မခွဲပဲနဲ့ 250 MB တစ်ဖိုင်တည်း hosting site မှာ upload လုပ်ပြီး တင်လိုက်မယ်ဗျာ . တင်တဲ့သူဖက်က speed ကောင်းရင်တော့ အိုကေမယ် . အဲ့လိုတင်လိုက်ခြင်းအားဖြင့် ဆိုးကျိုးတွေ ဘာတွေဖြစ်လာမလဲ

(၁) Download လုပ်တဲ့သူဖက်မှ အချိန်ကြာမြင့်စွာ Download လုပ်ယူရခြင်း
(၂) ဖိုင်တင်သည့် သူဖက်မှလဲ ဖိုင်ဆိုက်ကြီးသည့်အတွက် ၀ဘ်ဆိုက်တွေက လက်မခံခြင်း (၀ဘ်ဆိုက်တိုင်း အများဆုံး 200 MB လောက်အထိပဲ လက်ခံတတ်ပါတယ်)
(၃) ၀ဘ်ဆိုက်မှ သတ်မှတ်ထားသော အချက်ထဲတွင်ပါဝင်သည့် ဖိုင်ဆိုက် 100 MB နှင့်အထက်ဆိုလျှင် တစ်ပတ်အတွင်း တစ်စုံတစ်ယောက်မှ Download လုပ်ယူမှုမရှိလျှင် အဆိုပါဖိုင်သည် ဖိုင်ဆိုက်ကြီးသောကြောင့် server မှာ ဖျက်ပစ်ခြင်းခံရပါသည် . ဥပမာ ... ifile.it ဆိုက်မှာဆိုရင် ဒီနေရာ မှာ သွားဖတ်ကြည့်ပါ


ဖိုင်ဖြေနည်း
(၁) ပုံ-၁ အတိုင်း ဖိုင်တစ်ဖိုင်ကို Download လုပ်ပြီးလို့ရလာတာနဲ့ ဘာနဲ့ဆုံးလဲ ကြည့်ရပါမယ် . rar နဲ့ ဆုံးလား .001, .002, 003 နဲ့ ဆုံးလားဆိုတာကို သေချာကြည့်ပါ . အခု .rar နဲ့ ဆုံးအတွက်အတွက်ကြောင့် win rar (သို့မဟုတ်) win zip နဲ့ ဖြေပါမယ် . ကျွန်တော်ကတော့ win rar နဲ့ ဖြေပြလိုက်ပါတယ် . Guest user အနေနဲ့ တင်ထားတဲ့ဖိုင်ဆိုရင် တစ်ပတ်ကြာလို့မှ Download လုပ်မယ့်သူမရှိရင် ပယ်ဖျက်ပစ်ပါတယ် . Free registered user အနေနဲ့ဆိုရင်တော့ အောက်မှာ ရေးပြထားပါတယ် . ဖတ်ကြည့်ပါ သဘောပေါက်မယ်လို့ မျှော်လင့်ပါတယ် . ဒါ့ကြောင့်မို့ Download လုပ်တဲ့သူလဲ အဆင်ပြေအောင် ၊ server မှာလဲ ရေရှည်ရှိနေအောင်လို့ ဖိုင်ဆိုက်ကို 50 လောက်အထိပဲ အများဆုံးထားပြီး တင်ပေးတာပါ .

How long are my files kept?
* Guest users, 7 days after last download
* Free registered users:
.... 90 days after last download for files below 100MB
.... 30 days after last download for files above 100MB
.... 14 days after last download for files above 200MB

(၂) ပုံ-၂ ပါအတိုင်း ကိုဖြေမယ့် ဖိုင်နံပါတ်(၁) (သို့) ဖိုင်တစ်ဖိုင်ဖိုင်ကို rightclick ထောက်ပြီး extract here ကို နှိပ်ပါမယ် .

(၃) ပုံ-၃ ပါအတိုင်း ဖိုင်တွေဖြေနေတာကို တွေ့ရမှာပါ ..

(၄) အားလုံးပြီးဆုံးသွားရင်တော့ ပုံ-၄ အတိုင်း ဖိုင်ဖြေထားပြီးသား အသစ်တစ်ဖိုင် ထပ်ပေါ်လာတာကို တွေ့ရမှာပါ . ကျွန်တော်တို့လိုချင်တာ အဲ့ဒီ့အသစ်ထပ်ပြီး ပေါ်လာတဲ့ ဖိုင်ကိုပါ . သဘောပေါက်မယ်လို့ မျှော်လင့်ပါတယ် .



အထက်က ပုံကိုသိပ်နားမလည်ရင် movie နဲ့ပါ ဖိုင်ဖြေပြထားပါတယ် . အောက်မှာ movie ရှင်းပြချက် ဖိုင်ကို Download လုပ်လိုက်ပါ .


Download Movie နှိပ်ပါ

Live CD နှင့် CD ပေါ်က Window ကို Run ပြီးသုံးကြည့်ရအောင်


တန်ဖိုးရှိတဲ့ Live CD ကို မသိသေးတဲ့သူတွေ အတော်များပါတယ် . ဒီအတွက် ဒီပို့စ်ကို ရေးဖြစ်တာပါ . ဒီအကြောင်းကို ရေးဖို့ စိုင်းပြင်းနေတာ ကြာပါပြီ . အခုတော့ မထူးတော့ပါဘူးဆိုပြီး ရေးပေးလိုက်တာပါ . ဖိုင်တင်ရတာ အခုတစ်လော သိပ်အဆင်မပြေဘူးဖြစ်နေတယ် . အလုပ်က များနေတာနဲ့တင် ပြီးနေတာ . အခုတော့ မျက်စိမှိတ်ပြီး တင်ပေးလိုက်ပါတယ် . ဘာဖြစ်လို့လဲဆိုရင် computer သများများအတွက် အလွန်အမင်း အရေးပါနေလို့ တိုက်တွန်းလိုက်တာပါ . .

ဘာ့ကြောင့် ကျွန်တော်တို့ Live CD ကို crazy ဖြစ်ရလဲဆိုတာကို အရင်ဦးဆုံး ပြောပြပါ့မယ် . ကျွန်တော်တစ်ခု မေးချင်ပါတယ် . ကွန်ပျူတာ HDD တစ်ခုမှာ အပိုင်း (၂) ပိုင်း (C:, D:) ဆိုပါတော့ဗျာ . တစ်ခါတစ်လေမှာ အောက်ပါ ပြဿနာများ တက်လာမယ်ဆိုပါစို့ .. ဘယ်လိုဖြေရှင်းမလဲ ?????



window တင်တယ်ဗျာ . Partition ပိုင်းတဲ့ အဆင့်ကိုမရောက်ပဲ HDD ကို မတွေ့ဘူးလို့ချည်း ပြောနေတယ်ဆိုပါစို့ . (Thailand မှာ မြန်မာတွေဆိုရင် ညစ်တာ တစ်ခုရှိတယ် . ဘာလဲဆိုရင် Computer တစ်လုံးကို ကုမ္ပဏီကနေ ၀ယ်လိုက်တယ် ကုမ္ပဏီက service သမားတွေက ညစ်ပတ်တတ်တယ် . ဘယ်လို ညစ်ပတ်တာလဲဆိုရင် HDD တစ်လုံးကို ဘယ်နှစ်လ ကြာရင် window ပြုတ်ကျမယ် . အတော်အသင့်နားလည်တဲ့ သူဆိုရင် window ပြန်တင်မယ် . အဲ့လိုအချိန်မျိုးမှာ . window တင်လို့မရအောင် program တစ်ခုခုနဲ့ ပိတ်ထားလို့ရပါတယ် . window တင်တိုင်း partition ပိုင်းတဲ့အဆင့်အထိကို မရောက်အောင်ပေါ့ . partition အဆင့်ရောက်တိုင်း error ပဲ ပြပြီး အပြာရောင် screen ပဲပြနေမယ် ) (Computer တစ်လုံးဝယ်တိုင်း window တင်ခ 800ဘတ် ပေးရပါတယ် . မပေးလို့မရပါ)


နောက်တစ်ခုက HDD တစ်လုံးထဲက window ကို အသုံးပြုနေရင်းနဲ့ virus ရဲ့ တိုက်ခိုက်မှုကြောင့် ၀င်းဒိုး ပြန်တင်ချင်တယ် . ဒါပေမယ့် virus က ၀င်းဒိုးမတင်တဲ့ HDD အပိုင်းတစ်ခုထဲမှာ ၀င်ခိုနေတယ်စိုပါစို့ဗျာ . အဲ့ဒါဘယ်လိုလုပ်မလဲ ... C: ထဲမှာ window တင်ထားတယ် . D: ထဲမှာ Data တွေ သိမ်းထားမယ် . C: ကို window ပြန်တင်ပေမယ့် . D: ထဲမှာ ဗိုင်းရပ်စ် ရှိနေတဲ့အတွက် တစ်ခုခုတော့ ပြဿနာပေးမှာပဲ . အဲ့လိုအချိန်မျိုးမှာ ဘယ်လိုလုပ်သင့်လဲ ???


နောက်တစ်ခုက window တစ်ခုကို အသုံးပြုနေတဲ့ အချိန်တုန်းက File တွေ Data တွေကို မေ့ပြီးတော့ desktop မှာ သိမ်းထားမိမယ် . ဒါမှမဟုတ် C: ထဲမှာ သိမ်းထားမိတယ် . တင်ထားတဲ့ window က C: ထဲမှာ သိမ်းထားမိလိုက်တယ် . window ကလဲ လုံးဝဖွင့်လို့မရတော့ဘူး . window ပြန်တင်ရင်လဲ C: ထဲမှာရှိတဲ့ file တွေက ပျက်သွားမယ် . ဒီပြဿနာကို ဖြေရှင်းဖို့ ဘယ်လိုလုပ်မလဲ ...


ကျွန်တော် အကောင်းဆုံး အကြံပေးချင်တာက နံပါတ်(၁) ပြဿနာကိုဖြစ်စေတဲ့ C: အပိုင်းကို Live CD ကို အသုံးပြုရင်း Formatting လုပ်ပစ်လိုက်လို့ရပါတယ် . နံပါတ်(၂) နဲ့ (၃) ပြဿနာကို ဖြေရှင်းဖို့ကတော့ Live CD ကို အသုံးချပြီး ဖိုင်တွေကို Flash drive ထဲကို copy ကူးထည့်ထားလိုက်ပါ ..

Live CD နဲ့ ဘာလုပ်လို့ရလဲ .
(၁) ဖိုင်တွေကို back up လုပ်ယူနိုင်ခြင်း
(၂) C:/ D: (HDD: တစ်ခုလုံး) ထဲမှာရှိတဲ့ virus တွေကို Live CD မှာပါတဲ့ kaspersky 2009 ကို အသုံးပြုပြီး စစ်လို့ရခြင်း . စတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့အတွက် Live CD က အကောင်းဆုံးပါ .

Live CD က ဘယ်လိုအလုပ်လုပ်သလဲ
Live CD ဟာ window ကို HDD က window ကို run စရာမလိုပဲ ..
CD နဲ့ Ram နှစ်ခု ပူးပေါင်းပြီး Window တစ်ခုကို တည်ဆောက်ထားတာ
ဖြစ်တဲ့အတွက် HDD ထဲမှာရှိတဲ့ Data မှန်သမျှကို အရယူနိုင်ခြင်းဖြစ်ပါတယ် . ကျွန်တော်တို့အတွက် Live CD တစ်ချပ်ဟာ အရမ်းကို အဖိုးတန်တဲ့ နည်းပညာတစ်ခုပါ . ကွန်ပျူတာသမားတိုင်း တစ်ချပ်တော့ မဖြစ်မနေ ဆောင်ထားသင့်တာပါ . ဒီလိုတန်ဖိုးရှိတဲ့ အသိပညာတစ်ခုကို ကျွန်တော်လက် ဆင့်ကမ်းလိုက်ပါတယ် . အလုပ်မအားတဲ့ကြားထဲကနေ တင်တာဖြစ်တဲ့အတွက် တစ်ချို့ ပို့စ်လေးတွေ ဖြေပေးတာ နောက်ကျတာကိုတော့ သီးခံခွင့်လွှတ် ပေးစေချင်ပါတယ် . ကျွန်တော် အခု live CD ကို ရှင်းပြတဲ့အထဲက HDD တစ်လုံးကို service လုပ်တဲ့ သူတွေ ဘယ်လိုမျိုး program ကို အသုံးပြုပြီး သူ့သတ်မှတ်ရက်အတွင်း window ပြုတ်ကျသွားအောင် ဘယ်လို လုပ်တယ်ဆိုတဲ့ မေးခွန်းကိုတော့ မမေးကြဖို့ ကြိုတင်တောင်းပန်ထားပါရစေ . ကျွန်တော် အဲ့ဒီ့အဖြေကိုတော့ ဖြေပေးမှာမဟုတ်ပါဘူး . သိချင်ရင် google ကနေပဲ ရှာကြည့်ပါ .

ဘယ်လိုအသုံးပြုမလဲ ???

(၁) Live CD ကို CD Room ထဲကို ထည့်ပြီး ကွန်ပျူတာကို restart ပေးလိုက်ပါ .
(၂) live CD စ run နေပါပြီ .
(၃) live CD အလုပ်လုပ်ဖို့အတွက် ခဏတော့ စောင့်ရမှာ ဖြစ်ပါတယ် .

ကျွန်တော် live CD အလုပ်လုပ်ပုံကို movie ရိုက်ပြီး တင်ထားပေးပါတယ် . အဲ့လိုမျိုး မလုပ်ဖူးတော့ အသံတော့ သိပ်မရဲဘူးဖြစ်နေတယ် . ကြိုးစားပြီး နားထောင်လိုက်ပါ . ကျွန်တော့် ကွန်ပျူတာမှာ live CD ထည့်ပြီး အလုပ်လုပ်ပုံကို movie နဲ့ ရှင်းပြထားပါတယ် . အောက်မှာ ယူလိုက်ပါ .. ဆိုက်မှာ ကြည့်ရတာ အဆင်မပြေသူများအတွက် movie file ကိုပါ တင်ပေးလိုက်ပါတယ် .


Download Window LiveCD ISO

PART (1) - PART (2) - PART (3) -PART (4) - PART (5) - PART (6)