Wednesday, December 7, 2011

Android ဖုန်းတွေမှာ Rootလုပ်စရာမလိုပဲ မြန်မာဖောင့်ထည့်နည်း


Root လုပ်စရာ မလိုပဲAndroid ဖုန်းမှာ မြန်မာလိုသုံးလို့ ရတဲ့နည်းလေးပါ ....
ဒီ သွင်းနည်းနဲ့ ကိုက်မကိုက် အရင် ကြည့် ရအောင် ဖုန်း setting ထဲကိုဝင်.....ပြီးရင် Display ->Font style ပါ မပါကြည့် လိုက်ပါ ။တစ်လုံးနဲ့ တစ်လုံး နေရာတော့ အနည်းငယ် လွဲ နိုင်ပါတယ် ။ Display အောက် က တခြားထဲ တွေလဲ သေချာရှာ စေချင်ပါတယ် ။တွေ့ ပြီဆို မှ ဒီနည်း သုံးရမှာပါ .။မဟုတ်ရင်မရပါဘူး ...

ကဲ အဆင်ပြေရင် အောက်က ဟာလေးဒေါင်းလိုက် ပါ

ပြီးရင် ဖုန်းထဲမှာ install လုပ်လိုက်ပါ။လုပ်ပြီးသွားပြီဆိုရင်တော့ ဖုန်းရဲ့ setting ထဲကိုဝင်.....ပြီးရင် Display ->Font style ထဲမှာ Zawgyi One TTF ဆိုတာလေးကို ရွေးလိုက်ရင် မြန်မာစာမြင်ရပြီ ဖြစ်ပါတယ် ။Samsung Galaxy S , Galaxy SPlus , Glaxy S2 တွေမှာစမ်းပြီးပါပြီ ။အဆင်ပြေပါတယ် ။

စာရိုက်ဖို့ ကီးဘုတ် သွင်းရပါမယ်။သွင်းဖို့အောက် မှာ

FrozenKeyboard ဒေါင်းလော့ ဆွဲပါ ။ဒါလေးက တော့ ကွန်ပြူတာကီးဘုတ် လက်ကွက်နဲ့ တူပါတယ် ။

Download Links

FrozenKeyboard 1.1.1.apk

Mirror

Download from Mediafire

TP-Link 2.4GHz High Power wireless Outdor PCE နှင့်ချိတ်နည်း



ဝန်ခံချက်................. ကျွန်တော်သည် နည်းပညာပိုင်း ကို သိပ်နားမလည်ပါ ။ အခု တင်ပြမှာ က ကျွန်တော်ကိုတိုင် ကလိရင်းနဲ့ တွေ့ခဲ့သော နည်းလေးပါ ။ ကျွန်တော်ရေးသော စာများတွင် နည်းပညာ နဲ့ ဆိုင်သောစကားလုံးများ သိပ်တော့ပါနိုင်မည်မထင်ပါ ။ ကျွန်တော် ကလိသောပုံစံလေး ကိုဘဲပြောပြချင်ပါသည်။ ဒါပေမဲ့ ဒီလို ကလိတဲ့ နည်းလေးဟာ အရမ်းအသုံးဝင်တယ်ဆိုတာ ကို ကျွန်တော်ကိုယ်တိုင် လက်တွေ့သိခဲ့ပါရသည်။

ပြောနေတာကြာပါတယ်ဗျာ လက်တွေ့လုပ်လိုက်ရအောင်

၁။ မိမိကွန်ပျူတာနဲ့TP -LINK ကို ကေဗယ်ကြိုးလို့ခေါ်တဲ့ ကြိုးနဲ့ အရင်ဆုံးချိတ်ဆက်လိုက်ပါ။

၂။ start===>Control Panel===>Network Connections===>Local Area Connection ဆိုပြီအဆင့်ဆင့်ဝင်ပါ။

၃။ အဲဒီLocal Area Connection ကိုဖွင့်လိုက်ရင်===>အောက်ဆုံးနားက ဘယ်ဘယ်ထောင့်မှာ properties ဆိုတာလေးကို ထပ်နိမ့်လိုက်ပါ။ဒီလိုပုံလေးပေါ်လာပါမယ်။

ပုံ--------(၁)

အဲဒီမှာ Internet Protocol(TCP/IP)ကို နိမ့်လိုက်ရင်ဒီပုံလေးထပ်ပေါ်လာပါမယ်။

ပုံ.........(၂)

အဲဒီထဲက IP address မှာ 192.168.1.100 ဆိုပြီရိုက်ထည့်ပါ။ ပြီရင် Tab ဆိုတဲ့ ကီးဘုတ်က ကီလေးကိုနိမ့်လိုက်ပါ။ Subnet mask ဆိုတာလေးကို အလိုအလျှောက်ပြောင်းသွားပြီ ဒိလိုဂဏန်းလေးတွေ ပေါ်လာပါမယ် 255.255.255.0 ပေါ်လာရင် ok နိမ့်လိုက်ပါ ပုံ(၁) အတိုင်းထပ်ပေါ်ပါမယ့် ok ထပ်နိမ့်ပါ။

အားလုံးပြီရင် Windows Internet Explorer လေးကိုဖွင့်လိုက်ပါ။

ပုံ...........(၃)

အနီလေး ၀ိုင်းထားပေးတဲ့နေရာမှာ http://192.168.1.254 ဆိုပြီရိုက်ထည့်ပြီ Enterရိုက် ပါ။ အဲဒီနာမည်ဂဏန်းလေးက ကိုယ်ဝယ်တဲ့ TP-Link စာအုပ်မှာပါတဲ့ ဂဏန်းအတိုင်းရိုက်ထည့်ပါ။ ပုံ ....(၄)အတိုင်းပေါ်လာပါမယ်။

ပုံ............(၄)

ပုံ(၄) user name နဲ့ password နေရာမှာ မိမိဝယ်တဲ့ TP-LINK စာအုပ်မှာ ပါတဲ့အတိုင်း ရှိက်ထည့်ပါ။ အများအားဖြစ်တော့ Username=admin ပါဘဲ password = admin ပါဘဲ ပြီရင် ok နိုမ်ကလိုက်ပါ။ ပုံ........(၅) အတိုင်းပေါ်ရင် သူငယ်ချင်းတို့ပထမအဆင့်အောင်မြင်ပြီပေါ့

ပုံ..............(၅)

ကဲသူငယ်ချင်းတို့ရေ ပုံလေးတွေထပ်ထည့်လို့မရတော့လို့ Tp-Link အခန်း(၂) မှာ ထည့်ကြည့်ကြပါနော်။

မှတ်ချက်.........ဒီပိုစ့်လေးကို မည်သူမဆို ထပ်မန် ပြုပြင်အကြံပေးလို့ရပါတယ် ။ ကျွန်တော်သည် နည်းပညာပိုင်း ကျွမ်းကျင်သောသူမဟုတ်သောကြောင့်ဖြစ်ပါသည်။