အခု ကျွန်တော်ရေးသားပေးမယ့် အကြောင်းလေးကတော့ Cafezee Software အသုံးပြုရမယ့်ပုံစံတွေကို
Step by Step ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ ကျွန်တော်အခုရေးသားပေးမယ့် Cafezee Version ကတော့
3.9 Version ပဲဖြစ်ပါတယ်။ Cafezee Software ကို ကျွန်တော်တို့သိထားဖို့ တစ်ခုရှိပါတယ်။ အဲဒါက
Cafezee Software ကို Install လုပ်ချိန်မှာ Server လား Client လားဆိုပြီး ရွေးခိုင်းတာလေးရှိပါတယ်။
အဲဒီမှာ ကျွန်တော်တို့ ရွေးချယ်ရမှာက Cafezee Server ထိုင်မယ့် Computer မှာ Server
လို့ရွေးပေးရမှာဖြစ်တယ်။ ပြောချင်တာက User အားလုံးကိုလှမ်းပြီး ထိန်းချုပ်မယ့် Computer
ကိုပြောတာဖြစ်ပါတယ်။ User တွေ အသုံးပြုမယ့် Computer ကိုတော့ Client ဆိုပြီးရွေးချယ် Install
လုပ်ရမှာဖြစ်ပါတယ်။ ကောင်းပြီ။ ကျွန်တော်အခုပြောပြထားတဲ့အချက်ကိုသိပြီဆိုရင် Cafezee Software
ကို Install လုပ်ကြရအောင်နော်။
Cafezee Server Install
Cafezee Software ကို Install လုပ်ရန် Cafezee Software ရှိတဲ့ CD Drive (or) Hard Disk Drive
ထဲသို့ဝင်ပါ။ ပြီးရင် setup.exe file ကို Double Click နှိပ်ပြီး Run ပါ။ ပုံ(1) တွင်ကြည့်ပါ။
ရွေးချုယ်ခိုင်းပါလိမ့်မယ်။ English Language ကို ရွေးပြီးရင် Next ကိုနှိပ်ပါ။ ပုံ(2) တွင် ကြည့်ပါ။
Welcome Page ထပ်ပေါ်လာပါ့မယ်။ ၄င်း Page သည် Cafezee Program ကို Install လုပ်မယ်လို့
ပြောတာဖြစ်တယ်။ Next ကို နှိပ်ပါ။ ပုံ (3) တွင် ကြည့်ပါ။
License Agreement Page ပေါ်မယ်။ I accept the terms of the licensce agreement ရဲ့ Check Box
ကို On ပေးပြီး၊ ပြီးရင် Next ကို နှိပ်ပါ။ ပုံ(4) တွင် ကြည့်ပါ။
Step Type Page ပေါ်လာပါ့မယ်။ အဲဒီမှာ Server နဲ့ Client (၂) မျိုးရှိတယ်။ အခုကျွန်တော်တို့က Server
ကို Install လုပ်ရမယ်ဖြစ်လို့ Server ရဲ့ Check Box Option ကိုပဲရွေးပြီး Next ကို နှိပ်ပါ။ ပုံ (5)
တွင်ကြည့်ပါ။
ဘယ်လမ်းကြောင်းထဲမှာသိမ်းမယ်ဆိုတာကို ဖော်ပြပေးထားပါတယ်။ အကယ်၍ မိမိက
လမ်းကြောင်းကိုပြောင်းသိမ်းမယ်ဆိုရင်လည်း Browse Button ကိုနှိပ်ပြီး မိမိသိမ်းမယ့်လမ်းကြောင်းကို
ရွေးချယ်လို့ရပါတယ်။ Cafezee Software ကိုထားမယ့် Default Location ကတော့ C: \ WINDOWS \
System 32 ရဲ့ အောက်မှာပဲ သိမ်းဆည်းထားတာဖြစ်ပါတယ်။ ပုံ(6) တွင်ကြည့်ပါ။
ကို ဘယ် Program Folder ရဲ့ အောက်ထားမှာလည်းဆိုပြီးတော့ ပြတာဖြစ်တယ်။ Default Location
ကတော့ Program Folder ရဲ့အောက်မှာ ထားရှိမှာဖြစ်ပါတယ်။ ၄င်းနောက် Next ကိုနှိပ်ပါ။ Installation
Page ပေါ်လာပြီးတော့ မိမိရဲ့ Cafezee Software ကို Install လုပ်သွားပါလိမ့်မယ်။
Finish ဆိုတဲ့ Page ပေါ်လာပါလိမ့်မယ်။ အဲဒါဆိုရင်တော့ မိမိရဲ့ Cafezee Software ကို Install
လုပ်တာပြီးဆုံးသွားပြီ ဖြစ်ပါတယ်။ ဒါကြောင့် Finish ကို နှိပ်ပါ။ ပုံ (7) တွင်ကြည့်ပါ။
....ဆက်လက်ပြီး Cafezee Setting ထဲမှာ User တွေအ တွက် Internet Usage or Game Usage
ပြုလုပ်မှုတွေအတွက် ငွေပမာဏဘယ်လောက်ပေးဆောင်ရမယ်ဆိုတဲ့ Setting တွေကို ထည့်ပေးလိုက်ကြရ
အောင်။ Cafezee တွင် ငွေပမာဏ Setting ထည့်ပုံနှင့် Admin Password ပြောင်းလဲပုံ Cafezee Setting
ထဲတွင် ငွေပမာဏထည့်ရန် Setting ချပေးရမှာဖြစ်လို့ Start > Program > Cafezee ထဲက Server ကို
ဖွင့်ပါ။ ပုံ (8) တွင်ကြည့်ပါ။
ချနိုင်ဖို့ရန် ဦးစွာပထမ Login ကိုနှိပ်ပြီး Login ၀င်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် Login ၀င်ရန် Login ကို
နှိပ်ပါ။ ဒါဆိုရင် Staff/ Admin Password တောင်းပါလိမ့်မယ်။ အဲဒီမှာ ကျွန်တော်တို့ ရိုက်ထည့်ရမယ်။
Password သည် "india" ဆိုတဲ့ Password ဖြစ်ပါတယ်။ ၄င်း Password သည် Cafezee Program ရဲ့
Default Password ဖြစ်ပါတယ်။ Staff/ Admin Password မှာ "india" ဆိုတဲ့ Password ကိုထည့်ပြီး Login
ဝင်ပါ။ ပုံ (9) တွင်ကြည့်ပါ။
Password ကို Change ရမှာဖြစ်ပါတယ်။ ဘာကြောင့် လဲဆိုတော့ Cafezee ရဲ့ Default Password သည်
စိတ်မချရပါဘူး။ ဒီတော့ Cafezee ရဲ့ Password ကို ပြောင်းလဲပေးမယ်ဆိုရင် File ထဲကနေ Change
Password ကို နှိပ်ပါ။
Cafezee Program ထဲက File > Change Password ကိုနှိပ်ပြီး Cafezee Change Password ကို
နှိပ်ပြီးသွားပြီဆိုရင် Cafezee Change Password Box ပေါ်လာလိမ့်မယ်။ အဲမှာ Old Password, New
Password, Confirm Password ပေါ်လာပါ့မယ်။ Old Password နေရာမှာ "india" Password ကို ထည့်ပါ။
New Password နှင့် Confirm Password နေရာမှာတော့ မိမိပြောင်းလဲမယ့် Password ကို ထည့်ပါ။ ပြီးရင်
Ok ကိုနှိပ်ပါ။
ပုံ (10) တွင်ကြည့်ပါ
မှတ်ချက်။ ။မိမိပြောင်းလဲလိုသော Cafezee Password သည် နောက်တစ်ခါ Login ပြန်ဝင်မည်ဆိုပါက ၄င်း Password နဲ့ပဲပြန်ဝင်ရမှာဖြစ်ပါတယ်။ ဒါကြောင့်မမေ့လျော့အောင် သေသေချာချာမှတ်သားထားရမှာ ဖြစ်ပါတယ်။
အခုကျွန်တော်တို့တွေ User တွေအတွက် Internet Usage Or Game Usage ဘယ်လောက်ကျသလဲဆိုတဲ့
Setting ကိုချကြရအောင်...ဒါကြောင့် Cafezee Control Centre ထဲက Setting ထဲက >Post - Paid
Schemes ကိုနှိပ်ပါ။ ပုံ (11) တွင်ကြည့်ပါ။
၎င်း Button ကို နှိပ်ပါ။ ပြီးရင်အဲဒီ Button ထဲက Add Button ကို နှိပ်ပါ။ ပုံ (12) တွင်ကြည့်ပါ။
ထည့်သွင်းလို့ရမှာ ဖြစ်ပါတယ်။ အခုကျွန်တော်တို့ဦးစွာ ပထမ User တွေအတွက် 1 Hours ကို
ဘယ်လောက်ပူမယ်ဆိုတဲ့ နှုန်းကို သတ်မှတ်မှာဖြစ်ပါတယ်။ ဒါကြောင့် Allow Happy Hours Check Box ကို
ပိတ်ပြီး Solt Record ထဲက Add button ကို နှိပ်ပါ။ ပုံ 13 တွင် ကြည့်ပါ။
ကို ၁ နာရီ ၄၀၀ ကျပ်သတ်မှတ်မှာ ဖြစ်လို့ From Duration (Min) မှာ ၀ ထားပြီး To Duration (Min) 15
လို့ ထားပါမယ်။ Amount မှာတော့ 100 ထားပါမယ်။ အဲဒီလိုပဲ မိနစ် 30 ဆို 200 နဲ့ 45 မိနစ်ဆိုရင် 300 ၊
မိနစ် 60 ဆိုရင် 400 စသဖြင့်သတ်မှတ်ပြီးရင် Ok ကိုနှိပ်ပါ။
အောက်ကပုံကို ကြည့်ပါ။
ဘယ်လောက်ယူမယ်ဆိုတဲ့အကြောင်းကို ထည့်သွင်းပေးရမှာ ဖြစ်ပါတယ်။ပုံ 15 တွင် ကြည့်ပါ။
လို့နာမည်ပေးပါ။ ပြီးရင် Minimum Amount မှာ 100 လို့ ထည့်ပေးပါ။ ပြီးရင် Save Button ကို နှိပ်ပါ။ ပုံ
16 တွင် ကြည့်ပါ။
ပြောပါမယ်။ ဒါကြောင့် Synchronize Changed Settings Only ကို နှိပ်ပါ။ပုံ 17 တွင် ကြည့်ပါ။
အခုကျွန်တော်တို့တွေ Cafezee Server မှာ Setting သတ်မှတ်ခြင်းပြီးဆုံးသွားပြီဖြစ်လို့ Client Computer
တွေမှာလည်း ဘယ်လိုမျိုး Cafezee Setting သတ်မှတ်လို့ ရတယ်ဆိုတာကို
ဆက်လက်ကြည့်လိုက်ပါဦးနော်...။
Cafezee Software ကို မိမိအသုံးပြုမယ့် Client Computer စက်မှာ Install လုပ်ဖို့ရန်အတွက် Cafezee
Software ရှိတဲ့ CD Driver or Hard Disk ရဲ့ Partition ထဲသို့ဝင်ပါ။ ပြီးရင် Cafezee Setup File ကို
Double Click နှိပ်ပြီး Run ပါ။ ပုံ (18) တွင် ကြည့်ပါ။
Language ရဲ့ Install လုပ်မှာလည်းဆိုပြီး မေးပါလိမ့်မယ်။ English Language ကိုပဲရွေးပြီး Next ကိုနှိပ်ပါ။
ပုံ (19) တွင် ကြည့်ပါ။
check box ကို On ပေးပါ။ ပြီးရင် Next ကို နှိပ် ပါ။ပုံ (21) တွင် ကြည့်ပါ။
လုပ်တာဖြစ်လို့ Client ကိုပဲ ရွေးချယ်သွားရမှာ ဖြစ်ပါတယ်။ Client ကို ရွေးပြီးသွားရင် Next ကို နှိပ်ပါ။ပုံ
(၂၂) တွင် ကြည့်ပါhttp://www.onlineictreader.com/images/stories/Top20/cafee/22.jpg
Select Destination Directory Page ပေါ်ပါမယ်။ Next ကို နှိပ်ပါ။ ပုံ (၂၃) တွင် ကြည့်ပါ။
ကဲကဲ အခု Cafezee Client ကို Install လုပ်တာပြီးဆုံးသွားပြီဖြစ်လို့ Finish ကို နှိပ်လိုက်ပါ။
ဆက်လုပ်ရမယ့်အပိုင်းတွေကျန်သေးတယ်ဗျ။ ဒါကြောင့် Start > Program > Cafezee ထဲကို Client ကို
နှိပ်ပါ။
IP Name ကို တွေ့ရပါမယ်။ အဲဒီအထဲမှာ ကျွန်တော်တို့က Cafezee Server ရဲ့ IP Address ကို
အတိအကျရိုက်ထည့်ပေးရမှာ ဖြစ်ပါတယ်။ မှားလို့မရပါဘူး။ နောက်ပြီး Bandwidth Adapter မှာလည်း
မိမိစက်ရဲ့ Network Card နာမည်ကို ရွေးချယ်ပေးရမှာဖြစ်ပါတယ်။ပြီးရင်တော့ Ok Button ကို
နှိပ်လို့ရပါပြီ။
Cafezee Server ကြီးကနေတစ်ဆင့် ထိန်းချုပ် မှုတွေပြုလုပ်လို့ ရသွားပါပြီ။
ကောင်းပြီ အခုဆိုရင် Cafezee Software ကိုအသုံးပြုတတ်သွားလောက်ပြီလို့ ထင်ပါတယ်။ ဒါကြောင့်
ကျွန်တော်တို့ရဲ့ Cafezee Software အကြောင်းကို ဒီမှာပဲ ရပ်နားလိုက်ပါတယ်။ သယ်ရင်းတို့နည်းနည်းတော့ ရှူပ်တယ်နော် နားလည်နိုင်ကြပါစေ.း။
0 comments:
Post a Comment