အခု တင်ပြမယ့် နည်းတွေက လွယ်ကူးပြီးတော့ .. မြန်ဆန်တဲ့နည်းတွေပါ.. တစ်ခြားနည်းတွေ သူငယ်ချင်းတွေ သိချင်သိထားနိုင်ပေမယ့် .. ဒီနည်းတွေထက်တော့ မြန်မယ်မထင်ဘူးဗျ .. ကဲစမယ်နော် .. ပထမဆုံးပုံလေးတစ်ပုံ
ဖွင့်လိုက်ပါပြီ ..

ပထမဆုံး မျက်လုံးကို အရောင်ပြောင်းပြမယ် .. သူက သုံးဆင့်တည်းပါ ..
၁. Elliptical Tool နဲ့ မျက်လုံးနေရာတွေ ကို select ပေးမယ်
၂.Blend Mode မှာ Color ကိုရွေးမယ် ..
၃. မလိုအပ်တဲ့နေရာတွေကို Eraser Tool နဲ့ဖျက်မယ် ..
ကဲပထမဆုံး layer ( Ctrl+Shift+N ) အသစ်တစ်ခုခေါ်လိုက်ပါ .. နောင်တစ်ချိန်မှာ shortcut မ၀င်ခဲ့ရင် CTRL+SHIFT တစ်ချက်နှိပ်ပါ ။ ကျွန်တော် Elliptical Tool ကိုယူပြီးတော့ .. မျက်လုံးနေရာကို select ပေးပါမယ် .. ( selection သုံးတဲ့အချိန်မှာ selection ကို ရွှေ့ချင်ရင် .. space bar နှိပ်ပြီး ရွှေ့လို့ရပါတယ် ... )

selection ပေးပြီးသွားရင် Foreground Color မှာ ကြိုက်တဲ့ ( အဖြူအမဲမှလွဲလို့ ) အရောင်ရွေးပြီး Ctrl+Backspace နဲ့ အရောင်ခြယ်လိုက်ပါ .. ခုလိုလေးပါ ...
နောက်တစ်ဖက်ကိုလည်း ဒီတိုင်းပဲခြယ်ပါမယ် .. အဲ့ဒီ layer ပေါ်မှာပါပဲခင်ဗျာ ...

ပြီးသွားရင် Blend Mode ထဲမှာ Color လို့ပြောင်းလိုက်ပါ ...
ပြီးသွားရင် အဲ့ဒီ layer ကိုပဲ ကလစ်ချပြီး active ဖြစ်အောင်လုပ်မယ် .. ပြီးရင် Image Menu / Adjustments / Hue-Saturation ကို ရွေးပြီး လိုချင်တဲ့ Color ရအောင်ယူပါမယ် ... Saturation လျှော့မယ် .. Brightness လျှော့ပါမယ် ..

ပြီးသွားရင် ပုံကိုသေသပ်သွားအောင် .. မလိုအပ်ပဲ အရောင်ပေနေတဲ့ နေရာလေးတွေကို Eraser Tool နဲ့ ပြန်ဖျက်ပါမယ် .. ဒါကြောင့် Eraser Tool ကို ယူပြီး Right Click ထောက်လိုက်ပါ .. ခုလိုပြင်လိုက်ပါ
အဲ့လို မလိုတာလေးတွေဖျက်ထုတ်ပြီးသွားရင် .. ခုလိုမျိုးလေး မျက်လုံးအရောင်ပြောင်းတာပြီးသွားပါပြီ ။


ပြီးသွားရင် နှုတ်ခမ်းနီဆိုးတာပြောပြမှာပါ .. မျက်လုံးအရောင်ပြောင်းတာနဲ့ အတူတူပါပဲ ...
၁. Layer အသစ်တစ်ခု ထပ်ခေါ်ပြီး Blend Mode မှာ Color ပြောင်းပါ ။
၂. Brush Tool နဲ့ အရောင်တစ်ခုခုယူပြီး နှုတ်ခမ်းပေါ်ခြယ်ပါ ။
၃. မလိုတဲ့ နေရာလေးတွေကို Eraser Tool နဲ့ ပြန်ဖျက်ပါ ။
အခု layer နောက်ထပ်တစ်ခုထပ်ခေါ်လိုက် ပြီး Blend Mode မှာ Color ပြောင်းလိုက်ပါပြီ ။

ပြီးတော့ ကျွန်တော် .. Color ထဲက ကြိုက်တဲ့ တစ်ရောင်ရောင်ကို ယူပြီး Brush Tool နဲ့ ခြယ်လိုက်ပါမယ် ...

ပြီးရင် မလိုအပ်တဲ့ နေရာလေးတွေကို Eraser Tool နဲ့ဖျက်မှာပါ ..
သူကတော့ သဘောတရားနည်းနည်းလိုပါတယ် .. ဖျက်တဲ့ အခါ Opacity နှစ်မျိုးနဲ့ ဖျက်ရမှာပါ .. ပထမဦးဆုံး လုံးဝအတိဖျက်မှာဖြစ်တဲ့ အတွက် Opacity 50% ထားပြီးတော့ အရင်ဖျက်လိုက်ပါ ...
ဒါပေမယ့် နှုတ်ခမ်းအစွန်းနေရာလေးတွေက နှုတ်ခမ်း အလယ်နေရာတွေလိုပဲ အရောင်ကတူနေပါတယ် .. တစ်ကယ်ဆို အဲ့နေရာက အရောင်ပါးရမှာပါ .. ဒါကြောင့် နှစ်ထပ်ဖျက်တာဖြစ်ပါတယ် ..

အဲ့လို ကာလာတွေစွန်းပေနေလို့ .. နောက်တစ်ခါ Eraser Tool နဲ့ပဲ Opacity 20% ထားပြီး အနီဝိုင်းပြထားတဲ့ နေရာလေးတွေကို ထပ်ပြီးဖျက်ပါမယ် ..
ဒီလိုလေးရလာပါပြီ ။
ဒါဆိုရင် နှုတ်ခမ်း အရောင်ဆိုးတဲ့ ကိစ္စကလည်း ပြီးသွားပါပြီခင်ဗျ ...

အခုနောက်ဆုံးအနေနဲ့ .. ပါးနီလေးဆိုးပြပါမယ် ... သူလုပ်ရမယ့် အဆင့်တွေကတော့ ..
၁. Brush Tool ( ဆိုဒ်ကိုပိုကြီးမယ် ) ယူပြီး ခုနက အရောင်နဲ့ပဲ ပါးပေါ်မှာချယ်ပါမယ် ။
၂. Blend Mode မှာ Multiply ပြောင်းပါမယ် ။
၃. Opacity ကို လျှော့ချပစ်မယ်။
ကဲ ပထမဆုံး ကျွန်တော်တို့ Layer နောက်တစ်ခုထပ်ခေါ်ပါဦး .. ပြီးသွားရင် Brush Size ကို အခုလိုပြင်ပါမယ် ..

ပြီးသွားရင် Opacity 50% လောက်ထားပြီး ခုလိုခြယ်လိုက်ပါတယ် ..
အမလေး .. သရဲရုပ်ဖြစ်သွားပြီ ။ အဲ့ဒါကြောင့် Blend Mode မှာ Multiply လုပ်ပြီး Opacity ကိုလည်း တော်တော်လျှော့ချလိုက်ပါမယ် .. အောက်ကလိုပေါ့ ..

ဒါဆိုရင် နောက်ဆုံးမှာတော့ .. ခုလို ချစ်စရာကောင်းတဲ့ ပုံလေးရလာပါမယ် .. ( ဆက်ရန်ရှိသေးသည် )

အဆင်ပြေပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ
အားလုံးကိုလေးစားလျှက် ကိုထက်
သယ်ရင်းတို့လေ့ကျင့်ပြီးရင်လဲ ကျွန်တော့်ကို ပုံနှင့်တကွ ကွန်မန်းလေး ပြန်ပေးခဲပါ